မိုင်းနောင်မြို့တွင် ပြည်သူ့စစ်မှုထမ်းဆိုင်ရာကိစ္စရပ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မိုင်းနောင် ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ပြည်သူ့စစ်မှုထမ်းဆိုင်ရာကိစ္စရပ်များလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ရှေးဦးစွာ ကျေးသီးမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးသက်နောင်ဖြူမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းခဲ့သည်။ ဆက်လက်၍ မိုင်းနောင်တပ်နယ်မှတာဝန်ရှိသူတစ်ဦးက ပြည်သူ့စစ်မှုထမ်းတစ်ဦး၏ ခံစားခွင့်များ၊ အာမခံချက်များအကြောင်းနှင့် စစ်မှုထမ်းတစ်ဦး၏သိရှိထားသင့်သည့်အ‌ကြောင်းအရာများကို ဖြည့်စွက်ရှင်းလင်းပေးကြောင်း သိရှိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ကျေးသီးမြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသက်နောင်ဖြူနှင့်အဖွဲ့ဝင်များ၊ မြို့အုပ်ချုပ်ရေးမှူးဦးစည်သူထွန်း၊ မိုင်းနောင်တပ်နယ်မှာဝန်ရှိသူများ၊ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် စစ်မှုထမ်းဆောင်မည့် ကာယကံရှင်(၃၅)ဦး၊ စုစုပေါင်း(၅၀)ဦး‌ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မိုးသောက်