သံဖြူဇရပ်မြို့နယ် မူလွန်(​အောင်သာယာ)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ဟောပြောပွဲနှင့် ပြပွဲများပြုလုပ်

သံဖြူဇရပ် ဒီဇင်ဘာ ၁၁

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်​ရေးအဖြစ် ဗလငါးတန်ဖွံ့ဖြိုး​စေရေး အသိပညာ​ပေး​ဟော​ပြောခြင်း၊ နံရံကပ်စာ​စောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက  မူလွန်(​အောင်သာယာ)ကျောင်း၌  ဆောင်ရွက်ခဲ့သည်။

စာဖတ်ရှိန်မြှင့်တင်​ရေးအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ​ဒေါ်​အေး​အေးသီက ​ကျောင်းသား၊ ကျောင်းသူ‌များ ​ကျောင်းစာကို ကြိုးစားသင်ယူရင်း အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်​စေ​ရန်အတွက် ဗဟုသုတတိုးပွားရေး ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြ​စေရေး အသိ​ပညာ​ပေးဟော‌ပြောပြီး၊ ​ကျောင်းအုပ်ဆရာမကြီးက​ကျေးဇူးတင်စကား ​ပြန်လည်ပြောကြားသည်။

ထို့​နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မြန်မာနိုင်ငံက​လေးအလုပ်သမားပ​ပျောက်​ရေးဆိုင်ရာအ​ကြောင်းအရာများ၊ ကလေးသူငယ်များစစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်း​ရေးဆိုင်ရာသိ​ကောင်းစရာများ၊ ယာဥ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာအသိပညာ​ပေးနံရံကပ်စာ​စောင်နှင့် ဗဟုသုတရရှိစေမည့် စာအုပ်များကို ခင်းကျင်းပြသထားရာ ​ကျောင်းသား၊ ​ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ဖတ်ရှု​လေ့လာခဲ့ကြ​ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)