ကျောက်ဆည်ခရိုင် ခရိုင်မီးသတ်ဦးစီးဌာနတွင် မီးဘေးလုံခြုံရေးအထူးကျွမ်းကျင်မှု ဆင့်ပွားသင်တန်းပို့ချ

မြစ်သား ဒီဇင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ခရိုင်မီးသတ်ဦးစီးမှူးရုံးတွင် မီးဘေးလုံခြုံရေး အထူးကျွမ်းကျင်မှု ဆင့်ပွားသင်တန်းပို့ချခြင်းကို ယမန်နေ့က ခရိုင်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါ ဆင့်ပွားသင်တန်းပို့ချခြင်းတွင် ကျောက်ဆည်ခရိုင်၊ ခရိုင်မီးသတ်ဦးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောလွင်အေးက ‌  ကျောက်ဆည်ခရိုင်အတွင်းမှ အရာရှိမီးသတ်တပ်ဖွဲ့များအား မီးဘေးလုံခြုံရေး အထူးကျွမ်းကျင်မှုရှိရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များသည် အနာဂတ်ကာလတွင် ရင်ဆိုင်ကြုံတွေ့ရနိုင်သည့် စိန်ခေါ်မှုများ ကျော်လွှားနိုင်ရန်၊ တပ်ဖွဲ့ဝင်များအတွင်း Men Power၊ Equipment Power များတိုးတက်လာမှုနှင့်အညီ Technology Power ကိုပါ ဟန်ချက်ညီညီ  စဉ်ဆက်မပြတ် တိုးတက်လာပြီး ဌာန၏ရည်မှန်းချက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူရရှိစေရန်နှင့် တပ်ဖွဲ့ဝင်များ၏ လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မားစေရေးအတွက် နိုင်ငံတကာတွင် ကျင့်သုံးဆောင်ရွက်လျက်ရှိသော ခေတ်မီမီးဘေးလုံခြုံ‌ရေးနှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ နည်းပညာရပ်များအား စဉ်ဆက်မပြတ် လေ့လာသိရှိနိုင်ရန် ရည်ရွယ်၍ သင်ကြားပို့ချခဲ့‌ကြောင်း သိရသည်။

ဝါဝါမြင့်(မြစ်သား)