မိုင်းဖြတ်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်​ရေး ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

မိုင်းဖြတ် ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဒေါ်အေးဝင်းခိုင်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များနှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို ရှင်းလင်း​ပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲကိုဆက်လက်ကျင်းပရာ ​ကျောင်းသား၊ ​ကျောင်းသူများက ဒို့​ကျေးရွာဂျာနယ် အတွဲ-၂၁၊ အမှတ် ၂၁ နိုဝင်ဘာလ (၁) ရက်​နေ့ထုတ် မြန်မာ့ယဥ်​ကျေးမှုအစဥ်အလာများ ထုံမွှမ်းသည့် တန်ဆောင်မုန်းလ ​ဆောင်းပါးကို ဖတ်ရှုစေပြီး ​မေးခွန်းများမေးမြန်း၍ ယှဥ်ပြိုင်​စေခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြိုင်ပွဲအပြီးတွင် ဦးစီးအရာရှိ​ ဒေါ်​အေးဝင်းခိုင်က ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်​ဆောင်များပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များ၊ စာအုပ်ပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သန်းထွန်း​အေး(ပြန်/ဆက်)