မိုးနဲမြို့နယ် အမှတ်(၃၆၃) အမြောက်တပ်ရင်း၌ အမှတ်(၁)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ လာရောက်ဖျော်ဖြေ

မိုးနဲ ဒီဇင်ဘာ ၁၁

နှစ်စဉ်ဆောင်းရာသီ၌ လာရောက်ဖျော်ဖြေလျက်ရှိသော နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ဖွဲ့မှ ၂၀၂၄ ခုနှစ် ယမန်နေ့ ညနေ ၇ နာရီအချိန်တွင် အမှတ်(၃၆၃)အမြောက်တပ်ရင်း၌ အမှတ်(၁)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ လာရောက်ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ဦးစွာ စစ်သီချင်းလေးများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ခေတ်ပေါ်သီချင်းများ၊ လူကြိုက်များသောသီချင်းများ၊ Dancer များ၊ အငြိမ့်များ၊ ဟာသပြဇာတ်များ၊ မျက်လှည့်လက်လှည့်များဖြင့် လာရောက်ကြည့်ရှုကြသော နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ တပ်မတော်သားများနှင့် တပ်မိသားစုဝင်များ၊ ပန်လော့ကျေးရွာနေပြည်သူများ၊ မြို့ပေါ်ရပ်ကွက်နေပြည်သူများ ပျော်ရွင်မှုရှိစေရေးအတွက် မရိုးနိုင်အောင်ဖျော်ဖြေခဲ့ကြပြီး ဧည့်ပရိတ်သတ်များက ဆုတော်ငွေများချီးမြှင့်ခဲ့ကြကာ တစ်ခဲနက်အားပေးခဲ့ကြသည်။ အဆိုပါ  အမှတ်(၁)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ လာရောက်ဖျော်ဖြေခြင်းကို ဒီဇင်ဘာ ၈ ရက်နေ့မှ စတင်ကာ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ၃ ရက်တာ ‌ဖျော်ဖြေခဲ့ကြောင်း တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

ဖျော်ဖြေပွဲသို့ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး တိုးဝင်းဖေနှင့်ဇနီး မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိုးမိုးအောင်နှင့် ဌာနဆိုင်ရာများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများ စုပေါင်းအင်အား ၂၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးဇင်ကိုကို