မြင်းခြံ ဒီဇင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ သိသင့်သည့် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာ ဟောပြောပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က အဆိုပါကျောင်း စံပယ်ခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းစိုးက ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူ ကာကွယ်ရေးဥပဒေ (၂၀၁၉) အရ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်းအား လည်းကောင်း၊ ကုန်စည်များအား အွန်လိုင်းမှ ဝယ်ယူအသုံးပြုရာတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများ(Online Sales) မှတ်ပုံတင်ပြီးသော Pageများ တွင်သာ ဝယ်ယူအသုံးပြုကြရန်၊ အွန်းလိုင်စနစ်ဖြင့် ကုန်စည်များ ရောင်းချခြင်းမျိုးရှိပါက eComReg System (https://www.ecomreg.gov.mm)တွင် မှတ်ပုံတင်နိုင်ကြောင်းနှင့် အွန်လိုင်းစနစ်ဖြင့် မှတ်ပုံ တင်ရန်နည်းလမ်းများ၊ မှတ်ပုံတင်ရာတွင် ပူးတွဲတင်ပြရမည့်အချက်များ၊ မှတ်ပုံတင်မည့်သူများ သိရှိလိုက်နာရမည့်စည်းကမ်းချက်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း(Online Sales)လုပ်ငန်း မှတ်ပုံတင်(အသစ်) လျှောက်ထားရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်များ၊ မှတ်ပုံတင်လျှောက်ထားရာတွင် သိရှိရန်အချက်များအားလည်းကောင်း၊ အွန်လိုင်းရောင်းချသူများ လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရနိုင်ကြောင်းများအား ရှင်းလင်းဟောပြောရာ တက်ရောက်လာသည့် ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများမှ အွန်းလိုင်မှတ်ပုံတင် ဆောင်ရွက်ရမည့်အချက်များနှင့် သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)