အ ထ.က ကျိုက်မရောကျောင်း၌ ကျောင်းသား ကျောင်းသူများအား အာဟာရ ကျွေးမွေး

ကျိုက်မရော ဒီဇင်ဘာ ၁၁

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ၏ အာဟာရဖွံ့​ဖြိုးရေးအတွက် အာဟာရကျွေးမွေးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက အ.ထ.က(ကျိုက်မရော)(ပညာအားမာန်)ခန်းမ၌ ပြုလုပ်သည်။

အဆိုပါ အာဟာရဖွံ့ဖြိုးရေးအတွက် အာဟာရမျှတစေရန် သီးစုံပဲကုလားဟင်း၊ ငါးခြောက်ကြော်စသည့်ဟင်းများကို ကျောင်းရှိကလေးများအားလုံးအတွက် စားသောက်နိုင်ရန် သီးစုံပဲကုလားဟင်းနှင့် ငါးခြောက်ကြော်ဟင်းလျာများကို ကျောင်းအကျိုးတော်ဆောင်များအဖွဲ့က စုပေါင်းလှူဒါန်းကြပြီး ကျောင်းသား၊ ကျောင်းသူများအာဟာရပြည့်ဝစွာ စားသောက်နိုင်ရေးအတွက် ကျွေးမွေးခဲ့ကြကြောင်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)