သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာရှိ ပငစျေး မီး​ဘေးကြိုတင်ကာကွယ်​ရေး စစ်​ဆေးခြင်းများ ဆောင်ရွက်

သံဖြူဇရပ် ဒီဇင်ဘာ ၁၁

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မီး​ဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်​ရေးအတွက် ဒီဇင်ဘာ ၉ ရက် မွန်းလွဲပိုင်းက ပငကျေးရွာရှိ ပင​စျေးအား သွား​ရောက်စစ်​ဆေးခဲ့ကြသည်။

အဆိုပါ​စျေးအား သွား​ရောက်စစ်​ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦး​အောင်​ကျော်​ထွေးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့နှင့် ဈေးတာဝန်ခံများပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး ပငစျေးအတွင်းရှိ ​စျေးဆိုင်ခန်းများ မီး​ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မီးသတ်​ရေငုတ်​ကောင်း/မ​ကောင်း၊ မီးသတ်​ဆေးဘူးများထားရှိ​ရေးနှင့် အသုံးပြု၍ရ/မရ၊ လျှပ်စစ်ဝိုင်ယာကြိုးများ သွယ်တန်းထားရှိမှုနှင့် ကောင်း/မ​ကောင်းတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး၊ လိုအပ်သည်များကို​ဆောင်ရွက်ထားရှိနိုင်ရေး ပြောကြားခဲ့​ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)