မုဒုံမြို့၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားစေရန် လူငယ်စကားဝိုင်းကျင်းပ

မုဒုံ  ဒီဇင်ဘာ   ၁၁

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားစေရန်အတွက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀)နာရီက အ.ထ.က (ကွေ့ဝမ်း)ကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ကျောင်းတာဝန်ခံ ဒေါ်မြင့်မြင့်မော်ကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ကျောင်းသား/သူများ အသိပညာဗဟုသုတများတိုးပွားလာစေ၍ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်စာဖတ်ရှိန်ပိုမိုမြင့်မားစေရန်၊ ပြင်ပစာပေများကိုဖတ်ရှုလေ့လာနိုင်စေရန်အတွက် လူငယ်စကားဝိုင်းကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကို စတင်ခဲ့ရာ Grade  10/11  မှ ကျောင်းသား/သူများက ကြိုတင်ပြင်ဆင်အောင်ပွဲဝင်၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့် ကျန်းမာရေးခေါင်းစဥ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား/သူများက အမေးအဖြေများဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း  သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)