မိတ္ထီလာ ဒီဇင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ပေါက်ချောင်းအားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြသည်။ ၎င်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးနှင့် တာဝန်ရှိသူများက အားကစားသမားများအား လိုက်လံနှုတ်ဆက်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက ဘင်ခရာတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြင့်ခဲ့သည်။ ယင်းနောက် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ နန်းတော်ကုန်းရပ်ကွက်အသင်းနှင့် ရတနာမာန်အောင်ရပ်ကွက်(ခ)အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ကို ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ဇန်နဝါရီလ ၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ၎င်းပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း (၁၇)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)