ပူတာအို ဒီဇင်ဘာ ၁၀
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် (၇၅)နှစ်မြောက် ရဝမ်အမျိုးသားနေ့ စိန်ရတုအထိမ်းအမှတ် ဆုတောင်းအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဂမ်အမျိုးသားဉယျာဉ် ခါကာဘိုရာဇီခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းဉက္ကဋ္ဌ ဉီးခေါင်လန်ဒီးက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းဒုတိယဉက္ကဋ္ဌ ဉီးဖုန်ရိမင်က (၇၅)နှစ်မြောက် ရဝမ်အမျိုးသားနေ့ အခမ်းအနားသို့ မြန်မာနိုင်ငံရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းမှပေးပို့သော သဝဏ်လွှာကို ဖတ်ကြားသည်။
အဆိုပါအခမ်းအနားတွင် ရဝမ်အမျိုးသားများအတွက် အထူးဆုတောင်းခြင်း၊ ရဝမ်ရိုးရာ ယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ သံစုံကွာယာအားဖြင့် ဂုဏ်တော်ချီးမွမ်းခြင်းနှင့် သမ္မာကျမ်းစာဒေသနာတော်များဖြင့် ဆင်ခြင်ခွန်အားယူခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘုန်းလက်ရာသစ်(ပြန်/ဆက်)