ပူတာအို ဒီဇင်ဘာ ၁၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။
ပြိုင်ပွဲတွင် အ.ထ.က(ပူတာအို)ကျောင်း အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူစုစုပေါင်း (၃၀)ဉီးတို့က "လွတ်လပ်ရေးနေ့ ဒို့မမေ့" ခေါင်းစဉ်ဖြင့်ပါဝင်ယှဉ်ပြိုင်ကြသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ ဗိုလ်ချုပ်အောင်ဆန်း၏လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနှင့်မှတ်တမ်းဓာတ်ပုံများ၊ ဓာတ်ပုံပြပွဲများနှင့်စာအုပ်စာစောင်များ ခင်းကျင်းပြသထားရာ ကျောင်းသားကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဘုန်းလက်ရာသစ်