ပျော်ဘွယ်မြို့နယ် အ.လ.က (ပိုရွာ)တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စောင်ပြပွဲ ကျင်းပ

ပျော်ဘွယ် ဒီဇင်ဘာ ၁၀

ပျော်ဘွယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ အသိပညာ ဗဟုသုတ ရရှိစေရန်နှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိပြီး မူးယစ်ဆေးဝါးအန္တရာယ်မှကာကွယ်နိုင်ရန် ရည်ရွယ်၍ မူးယစ်ဆေးဝါး၏ဆိုးကျိုးများအကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း (ပိုရွာ)တွင် ကျင်းပသည်။

ဟောပြောပွဲတွင် ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က အသိပညာဗဟုသုတ တိုးပွားရေးအတွက် စာပေဖတ်ရှုရမည့် အကြောင်းအရာများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများအကြောင်း၊ စာဖတ်ခြင်းဖြင့် အကျိုးကျေးဇူးများစွာရရှိနိုင်သည့်အတွက် စာသင်ချိန်ပြင်ပတွင် အချိန်အနည်းငယ်ခန့်ပေးကာ မိမိအတွက် အကျိုးရှိစေမည့် စာပေများကို ရွေးချယ်ဖတ်ရှုသင့်ပါကြောင်းနှင့် ဖတ်ရှုရမည့် အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန် ရှင်းလင်းဟောပြောသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)