ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲ ကျင်းပ

ပျော်ဘွယ် ဒီဇင်ဘာ ၁၀

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံး Community Centre ခန်းမ၌  ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ဒီဇင်ဘာလ(၉)ရက်၊ မွန်းလွဲ(၁)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက လွတ်လပ်ရေးကို အစဉ်ထာဝရထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရန်၊ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ကျောင်းသား၊ ကျောင်းသူများသိရှိစေရန်နှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့် စာပေများကို လေ့လာဖတ်ရှုစေလိုကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိသည့်အကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောသည်။

ထို့နောက် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုကြကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)