ကျောက်ဆည် ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ညောင်ရွေကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေး (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်တွင် (၁၇၀x၃၀) ပေ RCC နှစ်ထပ်ကျာင်းဆောင်သစ် ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
အခြေခံပညာမူလတန်းကျောင်းတွင် KG တန်း၌ ကျောင်းသား/ ကျောင်းသူ (၂၃) ဦး၊ Grade-1 အတန်း၌ (၄၁) ဦး၊ Grade-2 အတန်း၌ (၃၆) ဦး၊ Grade-3 အတန်း၌ (၅၁) ဦး၊ Grade-4 အတန်း၌ (၅၀) ဦး၊ Grade-5 အတန်း၌ (၄၃) ဦး၊ Grade-6 အတန်း၌ (၁၇၃) ဦး၊ Grade-7 အတန်း၌ (၁၅၈) ဦး၊ Grade-8 အတန်း၌ (၃၆) ဦး၊ Grade-9 အတန်း၌ (၁၃၇) ဦး၊ Grade-10 အတန်း၌ (၁၇၆) ဦး၊ Grade-11 အတန်း၌ (၁၃၁) ဦး၊ Grade-12 အတန်း၌ (၇၉) ဦး၊ စုစုပေါင်း ကျောင်းသား/ ကျောင်းသူ (၁၁၃၄) ဦးအား ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာ/ ဆရာမ (၄၈) ဦးမှ တာဝန်ယူ၍ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အသစ်ဆောက်လုပ်ပေးသော (၁၇၀x၃၀) ပေ RCC နှစ်ထပ်ကျောင်းဆောင်အသစ်အား နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေ (၅၅၉.၁၈၃) ကျပ်သန်း အကုန်အကျခံကာ Ecstatic Myanmar ဆောက်လုပ်ရေးကုမ္မဏီမှ တာဝန်ယူကာ ဆောက်လုပ်ပေးခြင်းဖြစ်ကြောင်းနှင့် အဆိုပါကျောင်းသည် ကျောက်ဆည်- တံတားဦး ကားလမ်းဘေးတွင် တည်ရှိပြီး ၁၉၃၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဧရိယာအကျယ်အဝန်းအားဖြင့် (၃.၀၄) ဧက ကျယ်ဝန်းကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)