မိုးနဲမြို့နယ်၌ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြို စာအုပ်/စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မိုးနဲ ဒီဇင်ဘာ ၁၀

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြို စာအုပ်/စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို လွိုင်လင်းခေတ်မီစံပြကျေးရွာရှိ အမှတ် ၁၇ အခြေခံပညာအလယ်တန်း‌ကျောင်းခွဲတွင် ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ဦးစီးအရာရှိဦးမျိုးညွန့်ရွှေက ပြပွဲများလာရောက်ပြသရခြင်း၊  လွတ်လပ်ရေး၏အဓိပ္ပါယ်၊ လွတ်လပ်ရေးကို ချစ်မြတ်နိုးတန်ဖိုးထားတတ်စေရန်တို့ကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ချိတ်ဆွဲခင်းကျင်းပြသထားသည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးနံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူ‌လေးများက စိတ်ဝင်စားစွာလေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)