မိုင်းတုံ၌ တရားမဝင်ကုန်ပစ္စည်းများ တားဆီးရေး၊ လမ်းတံတားများ သတ်မှတ်ခံနိုင်ဝန်နှင့်အညီ ဖြတ်သန်းသွားလာရေးနှင့် မော်တော်ယာဉ်စီခဈေးနှုန်းများ ပြင်ဆင်သတ်မှတ်ရေးညှိနှိုင်းဆွေးနွေး

မိုင်းတုံ ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ဒီဇင်ဘာလ (၈) ရက်နေ့ (၁ဝ) နာရီအချိန်က ကုန်သည်အဖွဲ့နှင့် ယာဉ်လိုင်စင်အဖွဲ့တို့အား ခေါ်ယူ၍၌ တရားမဝင်ကုန်ပစ္စည်းများ တားဆီးရေး၊ လမ်းတံတားများ သတ်မှတ်ခံနိုင်ဝန်နှင့်အညီ ဖြတ်သန်းသွားလာရေးနှင့် မော်တော်ယာဉ်စီခဈေးနှုန်းများ ပြင်ဆင်သတ်မှတ် ရေးညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုင်းတုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်က တရားမဝင်ကုန်ပစ္စည်းများ တားဆီးရေး၊ လမ်းတံတားများ သတ်မှတ်ခံနိုင်ဝန်နှင့်အညီ ဖြတ်သန်းသွားလာရေးနှင့် မော်တော်ယာဉ်စီခဈေးနှုန်းများ ပြင်ဆင်သတ်မှတ်ရေးတို့နှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြီးနောက် အကောက်ခွန်ဦးစီးမှူးကလည်းကောင်း၊ မူးယစ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်းကောင်း၊ ကုန်သည်ကြီးများအဖွဲ့မှ ဦးဆောင်သူ တစ်ဦးကလည်း၊ မြို့နယ်လမ်းဦးစီးမှလည်းကောင်း၊ မော်တော်ယာဉ်လိုင်းမှ တာဝန်ရှိသူ တစ်ဦးကလည်းကောင်း ဆွေးနွေးညှိနှိုင်းခြင်း တက်ရောက်လာသောအဖွဲ့မှ မရှင်းလင်းသည်များ ဆွေးနွေးရာလိုအပ်သည်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်မှ ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မြို့နယ်၊ပြန်/ဆက်)