ခရမ်း ဒီဇင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာနှင့် အားကစားဝန်ကြီးဌာနတို့ပူးပေါင်း၍ ကိုယ်လုံပညာသင်တန်းဖွင့်ပွဲကို ၆-၁၂-၂၀၂၄ ရက်နေ့ နေ့လယ် (၃)နာရီအချိန်က မြို့နယ်အားကစားခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ခင်ထက်ထက်က အဖွင့်အမှာ စကားပြောကြားရာတွင် အမျိုးသမီးငယ်များ အကြမ်းဖက်ခံရခြင်း၊ အနိုင့်ကျင့်ခံရခြင်းမှ ကင်းဝေးပြီး မိမိကိုယ်ကို ကာကွယ်ခုခံနိုင်ရန်နှင့် အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး ယခုလိုကိုယ်လုံပညာသင်တန်းအား ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့်လည်း ကြိုးစားသင်ယူစေလိုကြောင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းသူများအား မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌမှ အားကစားဝတ်စုံများထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါ ကိုယ်လုံပညာသင်တန်းကို ၆-၁၂-၂၀၂၄ ရက်နေ့မှ ၁၂-၁၂-၂၀၂၄ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသူအမျိုးသမီးငယ် (၂၀)ဦး တက်ရောက်သင်ကြားမည် ဖြစ်ကြောင်း သိရသည်။
ခရမ်း (ပြန်/ဆက်)