မုဒုံ ဒီဇင်ဘာ ၈
မွန်ပြည်နယ် မုဒုံမြို့ ရွှေဟင်္သာစျေးကြီးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက အဆိုပါ စျေးကြီး၌ ပြုလုပ်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ခြင်းကို မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်း၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဒေါ်ခင်သီတာလင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး မြို့နယ် မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဥ် နှစ်စီး၊ ရေသယ်ယဥ် နှစ်စီးနှင့် စျေးကြီးရှိ ရေငုတ်တိုင်ဖြင့် လက်တွေ့မီးငြှိမ်းသရုပ်ပြသသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဖုန်းမြင့်အေးက စည်ပင်ဝန်ထမ်းများနှင့် စျေးသူစျေးသားများအား မီးသတ်ဆေးဘူး အသုံးပြုပုံနှင့်မီးငြှိမ်းသတ်နည်းများစသည့် မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
မုဒုံမြို့နယ် ရွှေဟင်္သာစျေးကြီးတွင် ဆိုင်ခန်းပေါင်း (၄၃၉)ခန်းရှိပြီး မီးသတ်ရေကန် ဂါလန် (၄၀၀၀)ဆံ့တစ်ကန်၊ ဂါလန်(၂၅၅၀)ဆံ့ တစ်ကန်၊ ဂါလန်(၁၂၀၀)ဆံ တစ်ကန်၊ ရေငုတ်တိုင် လေးခု၊ အပေါ့စားရေစုပ်စက် သုံးလုံးနှင့် ရေစုပ်စက်ကြီး တစ်လုံးရှိကြောင်း စျေးတာဝန်ခံထံမှ သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)