ကျိုင်းတောင်းမြို့၌ ဒီဇင်ဘာအားကစားကာလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ဆောင်ရွက်

ကျိုင်းတောင်း ဒီဇင်ဘာ ၈

ရှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် ယမန်နေ့နံနက် ၅ နာရီ၌ ဌာနဆိုင်ရာများစုပေါင်း၍ ကျိုင်းတောင်းမြို့ အရပ်ကွက်များအတွင်း “စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့” သီချင်းဖြင့် ဒီဇင်ဘာအားကစားကာလ လမ်းလျှောက်ပွဲတွင် ပြည်သူလူထုပူးပေါင်းပါဝင်ရန် အသိပေးနှိုးဆော်၍ လမ်းလျှောက်ပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလမ်း လျှောက်ပွဲကို စုရပ်နေရာအဖြစ် ကျိုင်းတောင်မြို့ ထွေအုပ်ရုံးအရှေ့တွင် လူစု၍ နံနက် ၅ နာခွဲအချိန်တွင် စတင်လမ်းလျှောက်ခဲ့ကြောင်းသိရသည်။ ဌာနဆိုင်ရာများ၊ ကျောင်းသူကျောင်းသားများနှင့် လမ်းလျှောက်ပွဲ ပါဝင်ဆင်နွဲသူများသည် သက်မှတ်အကွာအဝေး လမ်းလျှောက်ကြပြီးနောက် ကျိုင်းတောင်းမြို့ ဘောလုံးကွင်း၌ လူစု၍ သွေးပူလေ့ကျင့်ခန်းများ စုပေါင်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကိုကို(ပြန်/ဆက်)