မိုင်းဖြတ်မြို့နယ်၌ ဘုန်​တော်ကြီး​ကျောင်းများသို့ (၃၄)ကြိမ်​မြောက် တစ်ဆုပ်ဆန်နှင့်လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

မိုင်းဖြတ် ​​​ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဌာနဆိုင်ရာများ၊ အလှူရှင်များစု​ပေါင်း၍ လစဥ်ဘုန်း​တော်ကြီး​ကျောင်းများသို့ တစ်ဆုပ်ဆန်နှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းက (၃၄)ကြိမ်မြောက် ဆက်ကပ် လှူဒါန်းခြင်းကို နမ့်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းသို့ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ န​မောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်​တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။ ထို့​နောက် ဘဒ္ဒန္တပညာဓမ္မောထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ယင်း​နောက်  ဘဒ္ဒန္တပညာဓမ္မောထံ စစ်ဆင်​ရေးကွပ်ကဲ​ရေးမှူး ဗိုလ်မှူးကြီး သန့်လွင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များက တစ်ဆုပ်ဆန်(၂၄) ပြည်ပါ ၅အိတ်၊ စားဆီ(၁၀)ပိဿာနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ၊ နဝကမ္မအလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့သည်။  ထို့​နောက်လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ ပြီး  ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆု တောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ တစ်ဆုပ်ဆန်လှူဒါန်းခြင်းသည် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ သီတင်းသုံးတော်မူသော သံဃာတော်များ ဆွမ်းအခက်အခဲမရှိစေရေးအတွက် တစ်လလျှင် တစ်ကြိမ် အလှည့်ကျဘုန်းတော်ကြီးကျောင်းများသို့  လှူဒါန်းခြင်းဖြစ်ပြီး ကျန်ရှိနေသည့် ဘုန်းတော်ကြီး ကျောင်းများကို ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း  သိရသည်။

​​​မြို့နယ်(ပြန်/ဆက်)