ကျိုင်းတုံ ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်စာရေးဆရာအသင်းနှင့် ရှမ်းချယ်ရီပရဟိတ ပညာရေးပရဟိတဂေဟာ တို့ပူးပေါင်းကျင်းပသည့် စာဆိုတော်နေ့အထိမ်းအမှတ် စာပေ ဟောပြောပွဲကို ဒီဇင်ဘာ ၇ ရက်က အဆိုပါဂေဟာတွင် ကျင်းပခဲ့သည်။
စာပေဟောပြောပွဲတွင် ရှမ်းချယ်ရီပရဟိတ ပညာရေးပရဟိတဂေဟာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစိုင်းထွန်းအေးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ကျိုင်းတုံမြို့နယ် စာရေးဆရာအသင်း အတွင်းရေးမှူး ဦးနေဝင်း(နိုင်နိုင်အောင်ဝေ)က နိုင်ငံသားကောင်း၊ သမီးကောင်းများဖြစ်ကြပါစေ ခေါင်းစင်ဖြင့်လည်းကောင်း၊ မြို့နယ်စာရေးဆရာအသင်း အဖွဲ့ဝင် ဦးထိန်လင်းသိန်းစော(စိုင်းစောမဇ္ဈမ ကမ္ဘောဇပြည်)က ချစ်လှစွာသော စာပေခေါင်းစဉ်ဖြင့်လည်းကောင်း အဆိုပါဂေဟာမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ရှမ်းချယ်ရီပရဟိတ ပညာရေးပရဟိတဂေဟာ ကြီးကြပ်မှုကော်မတီနာယက ဦးစိုင်းဆမ်တစ်က ကျောင်းသား၊ ကျောင်းသူများအား သွန်သင်လမ်းပြ အားပေးစကား ပြောကြားပြီး ရှမ်းချယ်ရီပရဟိတ ပညာရေးပရဟိတဂေဟာ ကြီးကြပ်မှုကော်မတီနာယက ဦးညွန့်အောင်က စာရေးဆရာများအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)