ရန်ကုန် ဒီဇင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ မူပိုင်ခွင့်မှုခင်းများ ကြားနာစစ်ဆေးခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၊ သုံးထပ်ဆောင်(အပေါ်ထပ်) အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ တရားလွှတ်တော်တရားသူကြီးများ၊ မူပိုင်ခွင့်နှင့်သက်ဆိုင်သည့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တရားလွှတ်တော်ရှေ့နေများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်က အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊ တိုင်းဒေသကြီး တရားရေး ဦးစီးမှူးဦးကျော်ကျော်က ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေတို့ပါ တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်မှု (Judicial Review) ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးခြင်း၊ ကျောက်တံတားခရိုင်တရားရုံး၊ခရိုင်တရားသူကြီးဒေါ်မီမီထွေးကကုန်အမှတ်
တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေတို့အရ တရားမကြောင်းဖြင့်မှုခင်းများ စွဲဆိုစစ်ဆေးစီရင်ခြင်းခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးခြင်း၊ ကျောက်တံတားခရိုင်တရားရုံး၊ ဒုတိယခရိုင်တရားသူကြီး(၃) ဒေါ်သဲမို့မို့ဆွေက ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့အရ အမှတ်တံဆိပ်အတုပြုလုပ်ခြင်း စသည့်ပြစ်မှုများအရ ရာဇဝတ်ကြောင်းဖြင့် မှုခင်းများ စွဲဆိုစစ်ဆေးစီရင်ခြင်းခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးခြင်း၊ ကျောက်တံတားခရိုင်တရားရုံး၊ ဒုတိယခရိုင် တရားသူကြီး(၄)ဦးသန့်စင်ငြိမ်းက ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေတို့အရ မှတ်ပုံတင်လက်မှတ်ကို မမှန်မကန်ထုတ်ပေးခြင်းသို့မဟုတ် ထုတ်ပေးစေခြင်းစသည့်ပြစ်မှုများအရ အရေးယူခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးသန်းမောင်(စစ်တွေ)က မူပိုင်ခွင့်နှင့် တရားရေးရာ ဆက်နွယ်မှုများခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်းဆွေးနွေးခြင်းနှင့် တက်ရောက်လာသူများက သိလိုသည်များကိုမေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)