မြစ်ကြီးနား ဒီဇင်ဘာ ၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းရှိ အင်ဂျန်းခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၅ ရက် နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထက်က အဖွင့်အမှာစကားပြောကြားပြီး မြစ်ကြီးနားခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ထက်နှင့် ချီဖွေမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးဂွါဇာလေးတို့က စာဖတ်ရှိန်မြှင့်တင်ရေးနှင့်ပတ်သက်သည်များအား အသိပညာပေးဟောပြောကာ ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို(ကသာ)က “အနာဂတ်အတွက် စာဖတ်ပါ”ခေါင်းစဥ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြပြီး အဆိုပါကျောင်းစာကြည့်တိုက်အတွက် သုတ/ရသ စာအုပ်စာစောင်များ လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)