ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စာသင်ကျောင်းများရှိ ရေမြောင်းများ ‌ရေစီး‌ရေလာကောင်းမွန်ရေး ကွင်းဆင်းကြည့်ရှု

ဒဂုံတောင် ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မြို့နယ်ရေစီးရေလာကောင်းမွန်စေရေးနှင့် အခြေခံပညာကျောင်းများရှိ ရေမြောင်းများတွင် ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန်က လမ်းညွှန်မှုပြုထား‌ကြောင်း သိရှိရသည်။   

ထိုသို့လမ်းညွှန်မှုအရ (၇၁)ရပ်ကွက် မဏိစည်သူလမ်းရှိ အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်းနှင့် (၁၀၇)ရပ်ကွက်ရှိ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း (ခွဲ)များရှိ ရေမြောင်းများ တူးဖော်နေမှုများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများ၊ ဒုတိယဌာနမှူး စီမံ(ခရိုင်/မြို့နယ်)နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု လှည့်လည်စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားကြောင်း သတင်းရရှိသည်။

နေမျိုးအောင်