ခရမ်းမြို့နယ် မြို့မစျေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြာခြင်း၊ မီးငြှိမ်းသတ်ခြင်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက် 

ခရမ်း ဒီဇင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် မြို့မစျေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောခြင်း၊ မီးငြှိမ်းသတ်ခြင်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ခရမ်းမြို့မဈေးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရမ်းမြို့နယ် ဒုမီးသတ်ဦးစီးမှူး ဦးမင်းကိုအောင်က မီးပေါ့ဆမှုကြောင့် သာမန်မီးလောင်မှု၊ လောင်စာဆီ၊ အခြားမီးလောင်မှုများနှင့် ကြုံတွေ့ပါက အရေးပေါ်မီးငြှိမ်းသတ်နိုင်ရန် မီးသတ်ဆေးဘူးအသုံးပြုပုံနည်းစနစ်များ၊ မီးငြှိမ်းသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်နည်းများကို ဟောပြောရှင်းလင်း ပြသခဲ့သည်။

ထို့နောက် မီးငြှိမ်းသတ်ယာဉ်ဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးဖြင့် စနစ်တကျအလွယ်တကူ မီးငြှိမ်းသတ်နည်း၊ အရေးပေါ်အလွယ်ကူဆုံး မီးဖိုမှ မီးလောင်မှုဖြစ်ခြင်းအား အမြန်ဆုံးထိရောက်စွာမီးငြှိမ်းသတ်နည်းတို့ကို တက်ရောက်လာ‌သော ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် အဖွဲ့ဝင်များ၊ စျေးအကျိုးတော်ဆောင်အဖွဲ့များ၊ ဈေးသူဈေးသားများနှင့်အတူ လက်တွေ့သရုပ်ပြလေ့ကျင့်ခဲ့ကြပြီး ဈေးအတွင်းရှိ ဈေးဆိုင်ခန်းများအား မီးဘေးလုံခြုံရေးစစ်ဆးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)