သာကေတ ဒီဇင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း(တာဝန်ခံ) ကျောင်းအုပ်ဆရာမ ဒါ်နိုင်နိုင်ဝင်းက အဖွင့်မှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူက စာပေနှင့်ဗလငါးတန်ဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာပေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးမှူး ဒေါ်ထက်ထက်ဝေက မြန်မာတိုင်းရင်းဆေးပညာသိကောင်းစရာအသိပညာပေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ အမှတ်(၃၇) သာကေတယာဥ်ထိန်းရဲတပ်ဖွဲ့စု၊ ဒုရဲမှူး အောင်ဇော်ထွန်းက ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများနှင့် ဆောင်ရန်၊ ရှောင်ရန်များကို အသီးသီးဟောပြောခဲ့ကြသည်။
ထို့နောက် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးမှူး ဒေါ်ထက်ထက်ဝေက ကျောင်းသား၊ ကျောင်းသူများကို မြန်မာတိုင်းရင်းဆေးနှင့် လက်ကမ်းစာစောင်များကို ဝေငှပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)