မိတ္ထီလာ ဒီဇင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် အမှတ်(၁)အခြေခံပညာထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါလူငယ်စကားဝိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးအောင်မြသန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ဒေါ်မော်မော်က စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာရွှေညာမြေ မြတ်သင်းကြိုင်က လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဗလငါးတန်းဖွံ့ဖြိုးတိုးတက်စေရေးခေါင်းစဉ်ဖြင့် အသိပညာပေးပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုပြုံးက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ပေးခြင်းအတွက် ကျေးဇူးတင်စကားပြောကြားပြီးနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပခဲ့သည်။ အဆိုပါ လူငယ်စကားဝိုင်းတွင် ဦးစီးအရာရှိ ဒေါ်ယုယုအောင်က ဦးဆောင်၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် မူးယစ်ဆေး၊ လူငယ်နှင့် နည်းပညာ၊ လူငယ်နှင့် စာဖတ်ခြင်း၊ လူငယ်နှင့် စာရိတ္တ ခေါင်းစဉ်များဖြင့် ဆွေးနွေးကြကြောင်း သိရသည်။
ယင်းနောက် အဆိုပါ လူငယ်စကားဝိုင်းတွင် တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးအောင်မြသန်း၊ ခရိုင်ပညာရေးမှူး ဒေါ်မော်မော်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာရွှေညာမြေ မြတ်သင်းကြိုင်နှင့် တာဝန်ရှိသူများ၊ ဆရာဆရာမများ၊ကျောင်းသားကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)