နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် လက်ရည်တစ်ပြင်တည်း မိတ်ဆုံညစာစားပွဲအခမ်းအနား တက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၇

နေပြည်တော်ကောင်စီ ဝန်ထမ်းများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် လက်ရည်တစ်ပြင်တည်း မိသားစုသဖွယ် အသိအမှတ်ပြုသောအားဖြင့် မိတ်ဆုံညစာစားပွဲအခမ်းအနားကို ယမန်နေ့ညနေ ၅ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ နေပြည်တော်ကောင်စီရုံးမှ အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် နေပြည်တော်ကောင်စီရုံး၊ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နေပြည်တော်၊ ခရိုင်/ မြို့နယ်အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဌာနအကြီးအကဲများ၊ အရာထမ်း/ အမှုထမ်းများသည် ဌာနရည်မှန်းချက်တာဝန်များ အောင်မြင်စေရန်၊ လုပ်ငန်းတာဝန်များအပေါ် တာဝန်ကျေပွန်မှု၊ စည်းကမ်းရှိရှိ၊ သစ္စာရှိရှိ စိတ်ဝင်တစားလုပ်ဆောင်နေမှုများကို အသိအမှတ်ပြု အလေးထားပါကြောင်း၊ မိသားစုစိတ်ဓာတ်ဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ညီညီညွတ်ညွတ် ဆက်လက်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ နေပြည်တော်ကောင်စီရုံးမှ အရာထမ်း/အမှုထမ်းများနှင့်အတူ မိသားစုသဖွယ် လက်ရည်တစ်ပြင်တည်း မိတ်ဆုံညစာကိုအတူတကွ သုံးဆောင်ခဲ့ကြရာ နေပြည်တော်ကောင်စီနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာအရာထမ်း/အမှုထမ်းများက မိမိကြိုက်နှစ်သက်ရာ သီချင်းများဖြင့် ပျော်ရွှင်မြူးထူးစွာ သီဆိုကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)