မိုးနဲမြို့နယ်၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ

မိုးနဲ ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ လူငယ်များအသိပညာ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် (၉) နာရီအချိန်က နမ့်စလိုင်အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ နမ့်စလိုင် အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းလှဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စကားဝိုင်းကိုကျင်းပရာ Grade(7)မှ နန်းမှူးမွန်ပြည့်စုံက လူငယ်နှင့်စာပေခေါင်းစဉ် ဖြင့်လည်းကောင်း၊ Grade(5)မှ စိုင်းဟန်ဦးက လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ် ဖြင့်လည်းကောင်း၊ Grade(5)မှ မနော်အိအိဇော်က လူငယ်နှင့်မူးယစ်ဆေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade(6)မှ မောင်စိုင်းထွန်းနိုင်က လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့် လည်းကောင်း၊ Grade(6)မှ မလိန်ကြွက​ လူငယ်နှင့်စာဖတ်ရှိန်မြှင့်တင်ရေးခေါင်းစဉ်များဖြင့် လည်းကောင်း၊ အသီးသီးဆွေးနွေးသွားခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများက မိမိတို့သိရှိလိုသည့်အကြောင်းအရာများကို ခေါင်းစဉ်အလိုက် မေးမြန်းခဲ့ရာ သက်ဆိုင်ရာခေါင်းစဥ်အလိုက် ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ လူငယ်စကားဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၁၂၀) ဦးတို့ တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများမှ စိတ်ဝင်စား‌စွာလေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)