ပင်းတယမြို့နယ်၌  (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်

ပင်းတယ ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်က ပွေးလှကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က ကျောင်းသား/ကျောင်းသူများအား (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အကြောင်းသိကောင်းစရာများနှင့် အားလပ်သည့်အချိန်စာဖတ်သည့် အလေ့အကျင့်ကောင်းများထားရှိကြရန်၊ ဗဟုသုတပိုမိုကြွယ်ဝလာစေရန် ကျောင်းစာအပြင် ပြင်ပစာပေများကိုလည်း လေ့လာဖတ်ရှုကြစေလိုကြောင်းစသည်ဖြင့် အသိပညာပေးဟောပြောပြီး၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းခတ္တာမောင်က  " မီးခိုမြူငွေ့ ညစ်ညမ်းမှုအန္တရာယ်နှင့်ဆိုးကျိုးများ " အကြောင်းကို ရှင်းလင်းပြောကြားကာ၊ မီးခိုမြူငွေ့ညစ်ညမ်းမှုအန္တရာယ်နှင့် ဆိုးကျိုးများနှင့်ပတ်သက်၍ အသိပညာပေး ဗီဒီယိုကလစ်တို့ကိုပြသပေးသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)ဝန်ထမ်းများမှ ကလေးအလုပ်သမားပပျောက်ရေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ အသိပညာပေးနံရံကပ်စာစောင်များပြသပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား သုတ၊ ရသစာအုပ်များဖတ်ရှုစေခဲ့ပြီး၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကျောင်းသား/ကျောင်းသူများအား "မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်နှင့်ဆိုးကျိုးများ" လက်ကမ်းစာများကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ထိုနောက် မွန်းလွဲပိုင်းတွင်ပွင်းလန်းကျေးရွာရွာရှိ အမှတ်(၄၆)အခြေခံပညာမူလတန်းကျောင်းသို့သွားရောက်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောခြင်း၊ စာအုပ်စာစောင်များဖတ်ရှုစေခြင်း၊ နံရံကပ်စာစောင်များပြသပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)