လွိုင်လင်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင်  လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

လွိုင်လင် ဒီဇင်ဘာ ၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အမှတ်- ၃ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အထကမှကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းအေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက  လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့်  ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသားကျောင်းသူများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး၍ သိလိုသည်များကိုမေးမြန်းခဲ့ရာ ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူးက ပြန်လည်ရှင်းလင်းဖြေကြား ခဲ့သည်။

အဆိုပါလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက် )