လယ်ဝေး ဒီဇင်ဘာ ၆
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျင်းပသည့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက လယ်ဝေးမြို့၊ ပြည့်စုံကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ လယ်ဝေးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မျိုးလင်းက အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဦးစီးအရာရှိ ဒေါ်ဆွေဆွေသွယ်က "အမျိုးသမီးကဏ္ဍနှင့် သဘာဝပတ်ဝန်းကျင်"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးရဲနိုင်ဝင်းက "မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး"ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ PM2.5 အကြောင်း အသိပညာပေးဗီဒီယိုပြသကာ ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်စမ်းမေးခွန်းများ မေးမြန်းပြီး အဖြေမှန်သူများကို ဆုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေကြည်( ပြန်/ဆက်)