မိုးနဲမြို့နယ်၌ မိုးစပါးမျိုးသစ် YSR-1 စံကွက် ရိတ်သိမ်း

မိုးနဲ ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ နောင်မြိုင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၅၀) တောင်သူ ဦးစိုင်းဆမ်၏ လယ်မြေတွင် စိုက်ပျိုးထားသော မိုးစပါးမျိုးသစ် YSR-1 စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က အဆိုပါနေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာနနှင့် တောင်သူများပူးပေါင်း၍ (၆ ဒသမ ၆ × ၆ ဒသမ )ပေ စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကပျမ်းမျှ အစိုတင်း ၁၁၇ ဒသမ ၁၅ တင်း ထွက်ရှိကြောင်း သိရသည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ထွက်နှုန်းအကာင်းမွန်ရေး၊ ပိုးမွှားကင်းစင်ရေးနှင့် မြေဩဇာစနစ်တကျသုံးစွဲရေး စသည့် တောင်သူနည်းပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း တာဝန်ရှိသူ၏ပြောကြားမှုအရ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)