ပင်လောင်းမြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ဆက်လက်ဖြေဆို

ပင်လောင်း ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ ပင်လောင်းမြို့နယ်၌ အခြေခံပညာဦးစီးဌာနမှ ၂၀၂၄−၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ယမန်နေ့က မြန်မာစာ၊ အင်္ဂလိပ်စာ ဖြေဆိုခဲ့ကြပြီး ယနေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် အထွေထွေဗဟုသုတ၊ လူတွေ့နုတ်ဖြေစစ်ဆေးခြင်း ဖြေဆိုရမည်ဖြစ်ကြောင်း၊ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းတို့ကိုလည်း ဆက်လက်ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ(မြို့နယ်အဆင့်)ကို ကျောင်းသား/ကျောင်းသူများ (၄၀)ဦး ပါဝင်ယှဉ်ပြိုင်‌ဖြေဆိုခဲ့ကြောင်း စာမေးပွဲကြီးကြပ်ရေးမှူးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)