မိုင်းယောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

မိုင်းယောင်း ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က တာဝန်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် နံနက် ၈ နာရီက ပါဟုတ်အုပ်စု၊ ပါဟုတ်ကျေးရွာ၌ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော်၏ ဩဝါခံနှင့်အညီ ပါဟုတ်ထိုင်တော်မူရုပ်ပွားတော်ဘုရားကြီး တည်ထားကိုးကွယ်နိုင်ရေး မြေသန့်မင်္ဂလာအခမ်းအနားအား မိုင်းဟန်ကျောင်းဆရာတော်နှင့် သံဃာတော်များ၊ ပါဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်စာရေး၊ မြို့မိမြို့ဖများ၊ ဖြူစင်မိုင်းယောင်းအသင်း စုစုပေါင်းအင်အား ၂၇ ဦးနှင့် ကုသိုလ်ပြုဆောင်ရွက်ပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးသည် ညနေ ၄ နာရီတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အသက်(၁၈)နှစ်အထက် လူဦးရေစာရင်း (ပဥ္စမမူကြမ်း) စိစစ်အတည်ပြုခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)