ဥတ္တရသီရိ ဒီဇင်ဘာ ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်များနှင့်တွေ့ဆုံပွဲအခမ်းအနားကို ဒီဇင်ဘာ (၃) ရက်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းတွင် ကျင်းပခဲ့ရာ ဥတ္တရသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းယု၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်ဖြိုးမင်းက အမှာစကားပြောကြားကာ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်းနင်းရေးအဖွဲ့ဝင်များအား တစ်ဦးလျှင် ယူနီဖောင်းဝတ်စုံ(၂)စုံ၊ ဦးထုပ်(၁)လုံး၊ ခြေအိတ်(၁)စုံ၊ ဖိနပ်(၁)စုံနှင့် အိပ်ယာခင်းဖော့ဖျာ(၁)ချပ်တို့အား စနစ်တကျထုတ်ပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)