တာလေမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

တာလေ ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ မြို့ပေါ်ရပ်ကွက်များရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယမန့်‌နေ့က တာလေတိုက်နယ်ကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းစိန်ဦး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသော  ကိုယ်ဝန်ဆောင်မိခင်များနှင့်  အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များ၏ သက်ဆိုင်ရာဆေးထိုးကတ်ပြား၌ စာရင်းရေးသွင်းပြီး  (၁)နှစ်ခွဲအောက် ကလေးငယ် (၃၉)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် (၃)ဦး၊ စုစု‌ပေါင်း (၄၂)ဦးတို့အား  ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်၏ ပုံမှန်ကာကွယ်ဆေးတွင် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး၊ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ဘီစီဂျီ၊ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီပီ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေး ခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဉီးနှောက်အမြေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဂျပန်ဉီးနှောက်ရောင်၊ ပိုလီယိုအကြောသေရောဂါကာကွယ်ဆေး၊ ထိုးဆေးနှင့် သောက်ဆေး၊ ဝက်သက်နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေးတို့ ပါဝင်ကြောင်း သိရသည်။

မိုးလရောင်(ပြန်/ဆက်)