အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)၌ လူငယ်စကားဝိုင်း ကျင်းပ

ကျောက်ဆည် ဒီဇင်ဘာ ၅

ကျောင်းသား၊ ကျောင်းသူလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ယနေ့နံနက်ပိုင်းက အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်) ဘက်စုံသုံးခန်းမတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်) မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဇာနည်ထွန်းက လူငယ်များ၏စဉ်းစားတွေးခေါ်မှုစွမ်းရည်များ မြင့်မားပြီး တိုးတက်အောင်မြင်သောသူများ ဖြစ်စေရေး စာပေလေ့လာဖတ်ရှုကြရန်  အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ဦးဆောင်ပြီး လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းသူများဖြစ်ကြသော မအေးချမ်းဖြိုးက ‘အခြေခံစဉ်းစားတွေးခေါ်မှု’၊ မနန္ဒာအောင်က ‘ပွင့်လင်းမြင်သာမှု၊ မချမ်းမြေ့ခိုင်က အဂတိလိုက်စားမှုကိုဆန့်ကျင်ခြင်း၊ မကြယ်စင်ထွန်းက ‘နိုင်ငံ့သားကောင်းဖြစ်ခြင်းနှင့် အဖွဲ့အစည်းအပေါ် တာဝန်ယူမှုရှိခြင်း’ ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး သုတ/ ရသစာစောင်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခဲ့ကြောင်း သိရသည်။  

တင်တင်ထွေး