လွိုင်လင်မြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

လွိုင်လင် အောက်တိုဘာ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲအချိန်က အမှတ် ၂ ရပ်ကွက်သို့ သွားရောက်ဆောင်ရွက်ခဲ့သည်။

ယင်းသို့ စာအုပ်/စာစောင်များ ငှားရမ်းပေးရာတွင် မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သူများ၊ စာအုပ်စာပေများကို လာရောက်ငှားရမ်းဖတ်ရှုရန် ခက်ခဲသူများအတွက် Mobile Library စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် သုတ/ရသများ၊ မဂ္ဂဇင်းများနှင့် ဝတ္ထုစာအုပ်များငှားရမ်းပေးပြီး အပတ်စဉ်စာအုပ်အသစ်များ သွားရောက်လဲလှယ် ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)