နေပြည်တော် ဒီဇင်ဘာ ၅
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံအလွတ်တန်းအမျိုးသား ဘောလုံးပွဲစဉ်များကို ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပေါင်းလောင်းအားကစားကွင်း၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနတို့ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ ဌာနအကြီးအကဲများ၊ အရာထမ်း/ အမှုထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် အားကစားဝါသနာရှင်များ တက်ရောက်အားပေးခဲ့ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းမှ စွမ်းအင်ဝန်ကြီးဌာနအသင်းအား နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)