ကျိုက်မရော ဒီဇင်ဘာ ၅
၂၀၂၄ -၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် အလယ်တန်း ၊ အထက်တန်းအဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန် အ.ထ.က(ကျိုက်မရော) ကျောင်း၌ ကျင်းပသည်။
မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေးစာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ ဘာသာရပ်ရေးဖြေစစ်ဆေးမှုကို အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၃၉)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၆)ဦး စုစုပေါင်း (၅၅) ဦးတို့ဝင်ရောက်ဖြေဆိုကြသည်။
အဆိုပါ စာမေးပွဲကိုဒီဇင်ဘာ (၅)ရက်နေ့တွင်အထွေထွေဗဟုသုတနှင့် လူတွေ့နှုတ်ဖြေ ဒီဇင်ဘာ(၆)ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှု အားကစားနည်း ငါးမျိုးကိုဖြေဆို ကြရမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)