ပန်းဘဲတန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် Book Club အဖွဲ့နှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ပန်းဘဲတန်း ဒီဇင်ဘာ ၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပန်းဘဲတန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမတွင် ဒီဇင်ဘာ(၃)ရက်နေ့မွန်းလွဲပိုင်းအချိန်က စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့နှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပန်းဘဲတန်းမြို့နယ် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းမှ စာရေးဆရာမ ဒေါ်တင့်တယ်ခင်က မုဒိတာစကားပြောကြား၍ စာရေးဆရာ ဦးသူရဇော်က အဖွင့်အမှာစကားပြောကြားပြီး ပန်းဘဲတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဥမ္မာကျော်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး စာရေးဆရာမ သက်ထားခင်ရေးသားသည့် မိန်းမတန်ဖိုးစာအုပ်အား Book Club အဖွဲ့ဝင်  စာရေးဆရာမ ပန်းသဇင်က ဖတ်ကြားပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာရေးဆရာ၊ စာရေးဆရာမများက အပြုသဘောဆောင်သည့် ဆွေးနွေးချက်များဖြင့် ပြန်လည်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပန်းဘဲတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)နှင့်ပူးပေါင်း၍  တစ်လလျှင် (၁)ကြိမ် စာဖတ်ဝိုင်းများကို ကျင်းပ‌ဆောင်ရွက်ပြီး စာအုပ်စာပေချစ်မြတ်နိုးသူများ၊ စိတ်ပါဝင်စားသူများ မည်သူမဆို တက်ရောက်ပါဝင်‌ ဆွေးနွေးနိုင်ကြောင်းနှင့် အခမ်းအနားသို့ Book Club အဖွဲ့မှ စာရေးဆရာ၊ ဆရာမ စုစုပေါင်း (၁၈)ဦး တက်ရောက်ကြောင်း သိရသည်။

ဥမ္မာကျော်(ပြန်/ဆက်)