တာလေမြို့ရှိ အ.ထ.က(တာလေ)ကျောင်း၌ လွတ်လပ်ရေးနေ့အကြို မူလတန်းအဆင့် နှုတ်မှုစွမ်းရည်ပြိုင်ပွဲ ကျင်းပ

တာလေ ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင်၊ ၂၀၂၅ ခုနှစ် ​ဇန်နဝါရီလ ၄ ရက်​နေ့တွင် ကျ​ရောက်မည့် (၇၇)နှစ်​မြောက် လွတ်လပ်ရေး​နေ့အထိမ်းအမှတ် မူလတန်းအဆင့်  နှုတ်မှုစွမ်းရည်ပြိုင်ပွဲကို ယနေ့ ဒီဇင်ဘာလ ၄ ရက်၊ နံနက် ၉ နာရီက အ​ခြေခံပညာအထက်တန်း​ကျောင်း(တာလေ)၌  ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

​ရှေးဦးစွာ တာဝန်ကျ ဆရာ၊ ဆရာမများက ပြိုင်ပွဲစည်းကမ်းချက်များနှင့် အတန်းအလိုက် ​ပြိုင်ပွဲခေါင်းစဥ်များကို ရှင်းလင်း​ပြောကြားခဲ့သည်။ ထို့​နောက် ပြိုင်ပွဲများကိုသက်ဆိုင်ရာခေါင်းစဉ် အသီးသီးဖြင့် ယှဥ်ပြိုင်​စေခဲ့​ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို အ​ခြေခံပညာအ​ထက်တန်းကျောင်း(တာလေ)မှ  ​တတိယတန်း ကျောင်းသား၊ ကျောင်းသူ(၆)ဦးနှင့် ဒုတိယတန်း ကျောင်းသား၊ကျောင်းသူ (၁၃)ဦး  စုစု​ပေါင်း (၁၉)ဦးတို့ ဝင်ရောက်ယှဥ်ပြိုင်ကြ​ပြီးဆုရရှိသည့် ​ကျောင်းသား၊ ​ကျောင်းသူများကိုဆက်လတ်၍ ဆုပေးပွဲ အခမ်းအနားကျင်းပပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သွားမည် ဖြစ်​ကြောင်း သိရသည်။

​မိုးလရောင်(ပြန်/ဆက်)