ကျောက်ပန်းတောင်း နိုဝင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၏အရှေ့ မြောက်ဘက် (၁၁)မိုင်ခန့်အကွာ ကျောက်ပန်းတောင်း-မြင်းခြံသွားကား လမ်းမကပ်လျှက် မီးငြိမ်းတောင်ခေါ် ပုပ္ပားတောင်ကြီး၏ မီးတောင်ဝခေါ်ချွန်းမလွန်းချောက်ထဲတွင်ရှိသည့် ပုပ္ပားမျောက်မျိုးစိတ်သစ် (Popa Langur –Trachypithecus popa)မြန်မာနိုင်ငံတစ်နိုင်ငံထဲ တွင်သာရှိသည့် ဂျာမန်ပရိုင်းမိတ်စင်တာက ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၁၁ရက်နေ့ကထုတ် ပြန်ခြင်းခံခဲ့ရကြောင်း ဒေါက်တာ နော်မေလေးသန့်ထံကသိရသည်။
ပုပ္ပားမျောက်မျိုးစိတ်သစ် (PopaLangurTrachypithecuspopa)ကို မျိုးရိုးဗီဇစမ်းသပ်မှု (DNA)ကို ၂၀၁၀ ခုနှစ်ကတည်းက ဒေါက်တာနော်မေလေးသန့် ပါရဂူဘွဲ့စာတမ်းအတွက် စလုပ်ဖြစ်ခဲ့ကြောင်းသိရပြီး ထိုအချိန်ကတည်းက ယခုတွေ့ရှိသည့်မျောက်မျိုးများ၏ DNA ရလဒ်သည် အရင်ခေါ်ခဲ့သည့် Phayre”s Langur- Trachypithecus Phayrel နဲ့မတူပဲကွဲပြားနေခဲ့ ကာ DNA စမ်းသပ်မှုများထပ်လုပ်ရန် လိုအပ်ကြောင်း ၂၀၁၃ ခုနှစ်တွင် လေ့လာစမ်းသပ်မှုတွေ ထပ်လုပ်ဖြစ် ခဲ့ကြောင်း၊ မြန်မာနိုင်ငံမှပညာရှင်တွေရော နိုင်ငံတကာမှ ပညာရှင်တွေ အတော်များများပါ ဝင်လုပ်ကိုင်ခဲ့ကြောင်းသိရသည်။
ပုပ္ပားမျောက်မျိုးစိတ်သစ် (PopaLangurTrachypithecuspopa) မျောက်များကို ရှမ်းပြည်နယ် ပန်းလောင်ပြဒါးလင်း၊ ပဲခူးရိုးမ၊ ကရင်ပြည်နယ် ရသေ့ပျံတောင် ဒေသတွေများတွင် တွေ့ရှိနိုင်ကြောင်း ၊ မြန်မာနိုင်ငံကလွဲပြီး အခြားနိုင်ငံများတွင် မရှိကြောင်းသိရသည်။ မြန်မာ့ ဒေသရင်းမျိုးစိတ်ဖြစ်ကာ မြန်မာနိုင်ငံမှာသာ မျိုးတုန်း သွားပါက ကမ္ဘာပေါ်ကနေ ပုပ္ပား မျောက်မျိုးစိတ်ပျောက်သွားမှာ ဖြစ်ကာ အမျိုးသားရေးတာဝန်အရ အစွမ်းကုန်ထိန်းသိမ်း ထားရမည့် ပုပ္ပား မျောက်မျိုးစိတ်ဖြစ်ကြောင်း၊ အဆိုပါမျောက်များသည် အပင်ကြီးတွေအုံ့ အုံ့ဆိုင်းဆိုင်းရှိသည့် တောမျိုးတွေမှာ အများအားဖြင့် အနေများကြောင်း အသီးအရွက်ကို သာစားကြပြီး အသားမစားကြောင်းသိရပြီး ဒေသခံများက အဆိုပါမျောက်များကို မျောက်သူတော်ဟုခေါ်ဆိုကြောင်း သိရသည်။ လူကို ဒုက္ခမပေးကြောင်း စိုက်ထား စိုက်ခင်းတွေကို မဖျက်စီးကြကြောင်း၊ ညောင်သီး၊ ညောင်ရွက်၊ သဖန်းသီး ၊ ကတွတ်သီးများကို နှစ်သက်စွာစားသုံးကြကြောင်း ဒေါက်တာနော်မေလေးသန့်ကရှင်းပြ သည်။
ပုပ္ပားမျောက်မျိုးစိတ်သစ် (PopaLangurTrachypithecuspopa) သည် ပုပ္ပား ချွန်းမ လွန်းချောက်ထဲတွင်သာ ကျင်လည် ကျက်စားကြကြောင်း တောထူပြီး မျောက်များအတွက် စားစရာလည်းပေါများပြီး လူသူအရောက်အပေါက် နည်းသည့် တောမြိုင်များကို ပို၍နှစ် သက်ကြကြောင်း ၊ လူကိုအင်မတန် ကြောက်ကြကြောင်း လူသံ၊ ခွေးသံကြားလျှင် ထွက်ပြေး ကြကြောင်း ပုပ္ပားတွင် ခန့်မှန်းကောင်ရေ ၁၁၀ ခန့် ရှိနေသေးကြောင်းသိရသည်။
အဆိုပါမျောက်များရှိသည့် နယ်မြေသည် ပုပ္ပားတောင်သစ်တောဦးစီးဌာနက ထိန်း သိမ်းကာကွယ်ထားသည့် သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ထားကြောင်းသိ ရကာ ၊ပြည်တွင်းဘုရားဖူးများ အနေဖြင့် တောင်ကလပ်ဘက်သာ အသွားအရောက်များ ကြောင်း၊ မီးတောင်ထိပ်ဝရှိတဲ့ တောင်မကြီး ဘက် တောင်တက်ဝါသနာပါသူများနှင့် ပြည်ပခရီးသွားများ သုတေသန လုပ်သူများသာ သွားကြကြောင်း ၊ ၊ လူသူအ ရောက်အပေါက် နည်းခြင်းသည် မျောက်များအတွက် ပိုကြောင်းကြောင်း၊ ထိုမျောက်များကလူကို ကြောက်သည့် အတွက် လူအသွားအလာများလျှင် မကောင်းနိုင်ကြောင်း တကမ္ဘာလုံးမှာမှအကောင်အရေအတွက် ၂၅၀ ကောင် ပတ်ဝန်းကျင်ပဲ ရှိတော့တဲ့အတွက် မျိုးတုန်းပျောက်ကွယ်နိုင်တဲ့ အန္တရာယ် သေချာပေါက် ရှိနေကြောင်း ဒေါက်တာ နော်မေလေးသန့်ကရှင်းပြသည်။
မြန်မာနိုင်ငံမှာသာရှိသည့် မျောက်မျိုးစိတ်သစ်တစ်မျိုးကို ပုပ္ပားဒေသမှာတွေ့ရှိမှတ်တမ်း တင်နိုင်ခြင်းသည် မြန်မာနိုင်ငံအနေနှင့်ရော ပုပ္ပားဒေသခံတွေအတွက်ပါ အင်မတန် ဂုဏ်ယူစရာကောင်းကြောင်း၊ ဒေသကိုအစွဲပြုပြီး နာမည်ပေးနိုင်ခဲ့တာကလည်း ပိုပြီးကြည်နူးဝမ်း မြောက်စရာကောင်းကြောင်း၊ ယခုဆိုလျှင် တကမ္ဘာလုံးက ပုပ္ပားဆိုတာကို ဒီမျိုးစိတ်သစ် မျောက်တွေ့ရှိမှုနဲ့တွဲပြီး သိသွားစေကာ နောက်ပိုင်းသဘာဝ အခြေခံခရီးသွား လုပ်ငန်းကို ပိုပြီး အထောက် အကူပြုလာနိုင်ကာ အကန့်အသတ်ဖြင့် ခွင့်ပြုဖို့လည်းလိုကြောင်း၊ မျောက်လေးတွေ အနှောက်အယှက်ဖြစ်သွားတဲ့ အနေအထားမျိုး မဖြစ်ဖို့လိုကြောင်း၊ ပြည်သူလူထုအနေဖြင့် ရှားပါးမျောက်လေးတွေ ထိန်းသိမ်းတဲ့နေရာမှာ ဝန်းရံကြဖို့လိုအပ်ကြောင်း၊ အထူးသဖြင့် ပုပ္ပားအပါအဝင် ဒီမျောက်လေးတွေရှိတဲ့ အရပ်ဒေသက ဒေသခံပြည်သူတွေအနေနဲ့ ပိုပြီးဂရုစိုက်ကာကွယ်ပေးကြဖို့ လိုအပ်ကြောင်း ဒေါက်တာ နော်မေလေးသန့်ကရှင်းပြသည်။
ကိုထိန်၊KPD