နေပြည်တော် ဒီဇင်ဘာ ၄
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံအလွတ်တန်း အမျိုးသား ဘောလုံးပွဲစဉ်များကို ယမန်နေ့ ညနေပိုင်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြုအသင်းနှင့်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာအသင်းတို့ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်အတွင်းရှိ ရွှေကြာပင် အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြသည်။
အဆိုပါ ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်နှင့် တာဝန်ရှိသူများ၊ ဌာနအကြီးအကဲများ၊ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများ ဝန်ထမ်းမိသားစုများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်အားပေးကြသည်။
ထိုပြိုင်ပွဲ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကိုယ်စားပြုအသင်းမှ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြုအသင်းအား တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)