နမ့်စန်မြို့တွင် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူ ရွေးချယ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်

နမ့်စန်()  ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများရွေးချယ်ရေးအတွက် မြန်မာစာဘာသာရပ်ဖြေဆိုခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်ရှိ အ.ထ.က(နမ့်စန်)စာစစ်ဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ  မြန်မာစာဘာသာရပ် ဖြေဆိုယှဉ်ပြိုင်နေမှုကို တာဝန်ခံ မြို့နယ်ပညာရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဇင်မင်းထွန်းနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများ က စာမေးပွဲ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။

လူရည်ချွန်ရွေးချယ်ရေး မြန်မာစာဘာသာရပ်ကို မြို့နယ်အတွင်းရှိ အ.ထ.က၊ အ.ထ.က(ခွဲ)၊ အ.လ.က(ခွဲ)နှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများရှိ Grade-9 ၊ Grade -10 ၊ Grade - 11 နှင့် Grade-12 တို့မှ ကျောင်းသား၊ ကျောင်းသူ  စုစုပေါင်း (၄၅)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လူရည်ချွန်ရွေးချယ်ရေး အင်္ဂလိပ်စာဘာသာရပ်ဖြေဆိုခြင်းကို ယနေ့ နေ့လယ်ပိုင်းတွင်လည်းကောင်း၊ သင်္ချာဘာသာရပ်၊ အထွေထွေဗဟုသုတဖြေဆိုခြင်းနှင့် လူတွေ့နှုတ်ဖြေစာမေးပွဲတို့ကို ဒီဇင်ဘာလ ရက်နေ့တွင်လည်းကောင်း၊ ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းကို ဒီဇင်ဘာလ ရက်နေ့တွင်လည်းကောင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သူရအောင်(နမ့်စန်)