မိတ္ထီလာ ဒီဇင်ဘာ ၄
ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Grade 11 နှင့် Grade 12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း အမှတ်စဉ်(၂)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မိတ္ထီလာပညာရေးကောလိပ် ပညာပါရမီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Grade 11 နှင့် Grade 12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း အမှတ်စဉ်(၂)ဖွင့်ပွဲ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်မောင်နှင့် မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(ပညာ) ဦးအောင်ဆွေးဦးတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မိတ္ထီလာခရိုင်ပညာရေးမှူး ဒေါ်မော်မော်က သင်တန်းကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ Grade 11 နှင့် Grade 12 ကျောင်းသားကျောင်းသူများ ဥပဒေအသိပညာများ သိရှိနားလည်စေရန်နှင့် နိုင်ငံတော်အေးချမ်းသာယာပြီး တရားဥပဒေစိုးမိုးရေးလုပ်ငန်းများမှာ အထောက်အကူပြုစေရန် ရည်ရွယ်ပြီး ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Grade 11 နှင့် Grade 12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း အမှတ်စဉ်(၂)ဖွင့်လှစ်ခြင်းဖြစ်သည်။ ၎င်းသင်တန်းကို ဥပဒေဆိုင်ရာဘာသာရပ်(၇)ခုကို သင်ကြားသွားမည်ဖြစ်ရာ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ မြင်းခြံခရိုင်နှင့်ညောင်ဦးခရိုင်တို့မှ အခြေခံပညာအထက်တန်းများ၊ ကိုယ်ပိုင်အထက်တန်း ကျောင်းများမှ Grade 11 နှင့် Grade 12 သင်ကြားနေသည့် ဆရာဆရာမများနှင့် မိတ္ထီလာပညာရေးကောလပ်မှ ဆရာဆရာမများ စုစုပေါင်း ၃၆၃ ဦး တက်ရောက်ခဲ့ကြပြီး ယင်းသင်တန်းကို ဒီဇင်ဘာလ ၄ ရက်နေ့မှ ၁၂ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)