ကျောက်ပန်းတောင်းမြို့နယ်တွင် ဆည်ရေသောက်မိုးစပါး (၄၂၁၀) ဧက စိုက်ပျိုးထားရှိပြီး အောင်မြင်ဖြစ်ထွန်း

ကျောက်ပန်းတောင်း ဒီဇင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဆည်ရေသောက် မိုးစပါးကို (၃၈၁၅) စိုက်ပျိုး ရန် လျာထားခဲ့သော်လည်း၊ လျားထားချက်ထက် ၃၈၁၅ ဧက ပိုမို၍ စုစုပေါင်းဧက ၄၂၁၀ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရပြီး၊ စိုက်ပျိုးထားသမျှ မိုးစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် ဆည်ရေသောက် မိုးစပါး စိုက်ပျိုးမှုအနေဖြင့် ကြက်မောက်တောင် ဆည်ရေသောက်ဒေသတွင် ၂၉၄၅ ဧက စိုက်ပျိုးရန် လျာထားခဲ့ပြီး၊ လျာထားချက်ထက်ပိုမို၍ ၃၃၃၉ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် ပင်းဆည်ဒေသတွင် ၅၀၈ ဧကလျာထားသည့် အနက် ၄၇၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး၊ ကြက်မောက်တောင် (ရေကူ) ဒေသတွင် လျာထားသည့် အတိုင်း ၃၆၂ ဧက စိုက်ပျိုးခဲ့ကြရာ၊ စုစုပေါင်း စိုက်ဧက ၄၂၁၀ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ မိုးစပါးများအနက် မနောသုခ ၃၉၇၆ ဧက၊ ဆင်းသုခ ၆၂ ဧက၊ ysri မျိုး ၁၆ ဧကနှင့် ထွန်းပုမျိုး ၅ ဧက၊ ရွှေမနော် ၁၅၁ ဧက စိုက်ပျိုးခဲ့ကြကြောင်း သိရပြီး၊ စိုက်ပျိုးထားသမျှ မိုးစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် ဒီဇင်ဘာတတိယပတ်နှင့် စတုတ္ထပတ်များတွင် ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးညှိနှိုင်းရေးကြီးကြပ်အဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

နေအောင်(ပြန်/ဆက်)