မန်ကန်မြို့ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများစုပေါင်း၍ ဝိဇောတာရုံကျောင်းတိုက်နှင့် ပြည်ထောင်စုလမ်းမပေါ်ရှိ သန့်ရှင်းရေးဆောင်ရွက်

မန်ကန် ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန် မြိုစီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၈) နာရီအချိန်က မန်ကန်မြို့ ဝီဇောတာရုံကျောင်းတိုက်နှင့် ပြည်ထောင်စုလမ်းမပေါ်တို့၌ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို မန်ကန်မြို့ မြို့စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ စုပေါင်း၍ မန်ကန်မြို့ ဝိဇောတာရုံကျောင်းတိုက်အတွင်းနှင့် ပြည်ထောင်စုလမ်းဘေးဝဲယာရှိ ပေါင်းမြက်နှင့် သစ်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းများ၊ အမှိုက်သရိုက်များ၊ သိမ်းဆည်းစွန့်ပစ်ခြင်း၊ ခြင်များပေါက်ပွားမှု မရှိစေရေးအတွက် ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အမှိုက်များဆယ်ယူခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

  အိဇာချို(ပြန်/ဆက်)